Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Abdul Razakjr Bin Omar

Doctor's Photo

Deputy Medical Director
MBBS (S'pore), M Med (Int Med), MRCP (UK), FAMS, FACC (USA)

Singapore

နှလုံးအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

အထွေထွေနှလုံးအထူးကုပညာရပ်၊ နှလုံးခုန်ချက်ပုံမမှန်ခြင်း နှင့် နှလုံးနှင့်ပတ်သက်သော လျှပ်စစ်ဇီဝကမ္မဗေဒ ဘာသာရပ်ပါဝင်သည့် နှလုံးအရေးပေါ်ရောဂါကုထုံး၊ catheter ကိုအသုံးပြု၍ နှလုံးရှိအာရုံကြောလမ်းကြောင်းကိုဖြတ်ပေးခြင်း နှင့် နှလုံးခုန်စည်းချက်ပြန်ညှိပေးခြင်း။ 

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Abdul Razakjr သည် နှလုံးအထူးကုဆရာဝန်ကြီးဖြစ်သည်။ ယခင်က စင်ကာပူအမျိုးသားတက္ကသိုလ်နှလုံးစင်ဌာနတွင် Cardiac Electrophysiology and Pacing (EPS) ၏ အတိုင်ပင်ခံနှလုံးအထူးကုဆရာဝန် နှင့် ဆေးဝါးကုသမှုလက်တွေ့ဒါရိုက်တာဖြစ်ခဲ့သည်။ ယခုလက်ရှိတွင် စင်ကာပူအမျိုးသားတက္ကသိုလ် Yong Loo Lin ဆေးကျောင်းတွင် တွဲဖက်လက်ထောက်ပါမောက္ခလည်းဖြစ်သည်။ စင်ကာပူ အမျိုးသားတက္ကသိုလ်နှလုံးစင်တာ၏ ဧည့်အတိုင်ပင်ခံဆရာဝန်ကြီးလည်းဖြစ်သည်။

ဆေးကျောင်းသားများ နှင့် EPS အဖွဲ့ဝင်များအား သင်ပြပေးခြင်းအပြင် ဒေါက်တာ Razakjr သည် ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ နှလုံးအထူးကုပညာရပ် အစည်းအဝေးများ၌ ကထိက နှင့် တက္ကသိုလ်ဆရာတို့အနေဖြင့် ဖိတ်ကြားခြင်းခံရသည်။ နှလုံးခုန်ချက်ပုံမမှန်ခြင်း နှင့် ရုတ်တရက်နှလုံးရောဂါကြောင့် သေဆုံးခြင်းတို့နှင့် ဆက်နွယ်သည့်အကြောင်းရင်းများကို အလေးပေးသော သိပ္ပံဆိုင်ရာသုတေသနများတွင်လည်းပါဝင်ခဲ့သည်။ ယခုလက်ရှိအချိန်တွင် စင်ကာပူဆေးပညာဆိုင်ရာအဖွဲ့အစည်း (SMA) ၏ အကျိုးတော်ဆောင်အတွင်းရေးမှူး နှင့် စင်ကာပူနည်းပညာတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့၏အဖွဲ့ဝင်ဖြစ်သည်။

ဒေါက်တာ Razakjr ၏လက်တွေ့လုပ်ဆောင်ချက်များတွင် အထွေထွေနှလုံးအထူးကုပညာရပ် နှင့် နှလုံးခုန်ချက်မမှန်ခြင်းများ အစရှိသည့်လက်တွေ့အခြေအနေများဖြစ်သည့် ရင်တဆတ်ဆတ်တုန်ခြင်း၊ မူးဝေသတိလစ်ခြင်း နှင့် ရုတ်တရက်နှလုံးရပ်တန့်ခြင်းတို့ပါဝင်သည်။ နှလုံးထဲကို catheter ထည့်ပြီးစစ်ဆေးခြင်း နှင့် ဖြစ်နိုင်သမျှအနည်းဆုံးစက်ကိရိယာဖြင့်ထိုးဖောက်၍ နှလုံးတွင်းရှိလျှပ်စစ်လိုင်းပုံမှန်ဟုတ်မဟုတ်လေ့လာခြင်း၊ radiofrequency ဖြင့် catheter ကိုအသုံးပြု၍ နှလုံးရှိအာရုံကြောလမ်းကြောင်းကိုဖြတ်ပေးခြင်း နှင့် နှလုံးခုန်နှုန်း ထိန်းပေးသည့်စက် (pacemakers) နှင့် နှလုံးခုန်နှုန်းချိန်စက် (cardioverter defibrillators) တို့ကိုထည့်သွင်းတပ်ဆင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးသည်။   

 

 

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။