Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Amitabh Monga

Doctor's Photo

MBBS (India), MD (India), MRCP (UK), FAMS, FRCP (Edin)

Singapore

ဆေးပညာအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

အဆင့်မြင့်အစာအိမ်အူလမ်းကြောင်းဆိုင်ရာမှန်ပြောင်းကြည့်ခြင်း။

ကိုယ်ရေးရာဇ၀င်

Dr Amitabh Monga သည် ၁၉၉၅ ခုနှစ်တွင် အိန္ဒိယ Delhi တက္ကသိုလ်မှ MBBS ဆေးဘွဲ့ကိုရရှိခဲ့ပြီး၊ ၁၉၉၉ ခုနှစ်တွင် ထိုတက္ကသိုလ်မှပင် ဆေးပညာအထူးကုဘွဲ့လွန်ဒီဂရီကိုပြီးမြောက်ခဲ့သည်။ New Delhi တွင် ဆေးပညာအထူးကုဆရာဝန်ကြီးအဖြစ် နှစ်အနည်းငယ်တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၃ ခုနှစ်တွင် စင်ကာပူသို့ပြောင်းရွေ့ခဲ့ပြီး၊ TTSH တွင်တာဝန်ထမ်းဆောင်ခဲ့သည်။ MRCP ကို ၂၀၀၅ ခုနှစ်တွင်ရရှိခဲ့ပြီး၊ TTSH တွင် အစာအိမ်နှင့်အူလမ်းကြောင်းအပြင် အသည်း၊ သည်းခြေ နှင့် ပန်ကရိယရောဂါဗေဒပညာရပ် အထူးသင်တန်းကို တက်ရောက်ခဲ့သည်။ Dr Monga သည် ၂၀၀၉ ခုနှစ်တွင် အစာအိမ်နှင့်အူလမ်းကြောင်း အပြင် အသည်း၊ သည်းခြေ နှင့် ပန်ကရိယရောဂါ အထူးကုဆရာဝန်ကြီးအဖြစ် အသိအမှတ်ပြုခြင်းခံရခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် Edinburgh ဆရာဝန်များဆိုင်ရာတော်ဝင်ကောလိပ်၏အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် MOH မှ ကျန်းမာရေးလူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ပညာသင်ဆုကို ချီးမြှင့်ခြင်းခံရခဲ့ပြီး၊ အိန္ဒိယ Asian Institute of Gastroenterology မှ အဆင့်မြင့်အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း နှင့် ERCP အဖွဲ့ဝင်သင်တန်းကိုပြီးမြောက်ခဲ့သည်။

Dr Monga သည် စိတ်အားထက်သန်သောနည်းပြဆရာလည်းဖြစ်သည်။ ၂၀၀၈-၂၀၀၉ ခုနှစ် စာပေသင်ကြားရေးထူးချွန် ပြောင်မြောက်မှုအတွက် Yong Loo Lin ဆေးကျောင်းမှ တက္ကသိုလ်ဌာနမှူးဆုကို ချီးမြှင့်ခြင်းခံရခဲ့သည်။ အနာဂတ် ဆေးကျောင်းသားများအား သင်ကြားမှုတွင် တက်ကြွစွာပါဝင်ခဲ့ပြီး၊ အစာအိမ်နှင့်အူလမ်းကြောင်းအပြင် အသည်း၊ သည်းခြေ နှင့် ပန်ကရိယရောဂါဗေဒပညာရပ် ဘွဲ့လွန်ဒီဂရီအစီအစဉ်တွင် အဓိကဌာနမှူးလည်းဖြစ်သည်။ ဆေးပညာရပ်ဂျာနယ်အမြောက်အမြားတွင် ပါဝင်ရေးသားခဲ့ပြီး၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် GI Hep နှင့် ၂၀၁၄ SHOLEC တို့တွင် အထူးဖိတ်ကြား ခံရသည့်ဌာနမှူးလည်းဖြစ်သည်။ ထို့အပြင် ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၉ ခုနှစ်တွင် Spring Singapore မှ ထူးကဲပြောင်မြောက်သောဝန်ဆောင်မှုဆု နှင့် National Healthcare Group မှ ၀န်ဆောင်မှုချန်ပီယံဆုတို့ကို ချီးမြှင့်ခြင်းခံရခဲ့သည်။

အထွေထွေ အစာအိမ်နှင့်အူလမ်းကြောင်းအပြင် အသည်း၊ သည်းခြေ နှင့် ပန်ကရိယရောဂါဗေဒ၊ အသည်းအထူးကုရောဂါဗေဒအပြင် Dr Monga သည် အဆင့်မြင့်အစာအိမ်အူလမ်းကြောင်း ဆိုင်ရာမှန်ပြောင်းကြည့်ခြင်းကို အထူးစိတ်ဝင်စားပြီး၊ ERCPs ၊ အစာမြိုပြွန်၊ အူသိမ် နှင့် အူမကြီး stents ထည့်ခြင်းတို့တွင်လည်း အထူးကျွမ်းကျင်သည်။ 

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။