Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Chua Siew Eng

Doctor's Photo

MA (UK), BM BCh (UK), MRCPsych (UK), FAMS

Singapore

Raffles နှစ်သိမ့်ဆွေးနွေးတိုင်ပင်အကြံပြုကုသဌာန။

လက်တွေ့စိတ်ဝင်စားမှု

အထွေထွေလူကြီးပိုင်းစိတ်ရောဂါ၊ စိတ်ရောဂါဆိုင်ရာပုံမမှန်ခြင်းများ။ 

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Chua Siew Eng သည် နှစ် ၂၀ အတွေ့အကြုံရှိသော စိတ်ရောဂါအထူးကုဆရာဝန်ကြီးဖြစ်ပါသည်။ Cambridge တက္ကသိုလ်တွင် ဆေးသိပ္ပံပညာကို လေ့လာသင်ယူခဲ့ပြီး၊ ၁၉၉၀ ခုနှစ်တွင် Oxford တက္ကသိုလ်မှ ဆေး ပညာဘွဲ့ကိုရရှိခဲ့သည်။ Cambridge တက္ကသိုလ်၊ Maudsley ဆေးရုံ၊ လန်ဒန်စိတ်ရောဂါကုသမှုအဖွဲ့အစည်းတို့တွင် သင်တန်းတက်ရောက်ခဲ့ပြီး၊ ၁၉၉၅ ခုနှစ်တွင် အထူးကုဆရာဝန်ကြီးဖြစ်ခဲ့သည်။ လူကြီး၊ ကလေး၊ ဆယ်ကျော်သက် အထွေထွေစိတ်ရောဂါ၊ အစားပုံမမှန်ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ ပြန်လည်ထူထောင်ခြင်း နှင့် အသက်ကြီးပိုင်းစိတ် ရောဂါကုသမှုတို့ကို အထူးလေ့လာသင်ယူခဲ့သည်။

တရားရုံးအတွက် ကျွမ်းကျင်သက်သေအဖြစ်လည်း တာဝန်ထမ်းဆောင်သည်။ Queen Mary ဆေးရုံ စိတ်ရောဂါ ကုသဌာနတွင် တွဲဖက်ပါမောက္ခ၊ ဂုဏ်ထူးဆောင်အတိုင်ပင်ခံဆရာဝန်ကြီး နှင့် လေ့ကျင့်သင်ကြားပိုင်းတွင်ဦးစီး အဖြစ်တာဝန်ထမ်းဆောင်စဉ်၌ ဟောင်ကောင်တက္ကသိုလ် LKS ဆေးဌာနရှိ ဆေးကျောင်းသားများ နှင့် ဆရာဝန်များ ကိုသင်ကြားစစ်ဆေးပေးခဲ့သည်။ ထို့အပြင် စိတ်ကစဥ့်ကလျားရောဂါ၊ ပင်ကိုစရိုက်လက္ခဏာတစ်ရပ်လုံးကို ထိခိုက် သောပြင်းထန်သည့်စိတ်ဝေဒနာ၊ အထီးကျန်စိတ်ဝေဒနာ၊ အာရုံစိုက်မှုချို့တဲ့ပြီးအငြိမ်မနေသည့်ပုံမမှန်ခြင်း၊ လှုပ်ရှား မှုပုံမမှန်ခြင်း စသည့်ရောဂါများ ရှာဖွေစစ်ဆေးရန်အတွက် ဦးနှောက်ဓာတ်မှန်ရိုက်စစ်ဆေးခြင်းဆိုင်ရာ ဂျာနယ် ဆောင်းပါးအခု ၅၀ တွင်လည်းတွဲဖက်စာရေးဆရာဖြစ်သည်။ မလေးရှားလူမျိုး စင်ကာပူ PR ဖြစ်ပြီး၊ အင်္ဂလိပ်နှင့် တရုတ်စကားကိုပြောဆိုနိုင်သည်။

ဒေါက်တာ Chua သည် အထွေထွေလူကြီးပိုင်းစိတ်ရောဂါကုသမှုကို အထူးစိတ်ဝင်စားပြီး၊ စိတ်ရောဂါပုံမမှန်ခြင်း များ (ဥပမာ- စိတ်ပုံမမှန်ခြင်းများ၊ စိုးရိန်ကြောင့်ကြပူပန်ခြင်း၊ စိတ်ဖိစီးခြင်း၊ အိပ်မပျော်ခြင်း၊ ပင်ကိုစရိုက်လက္ခဏာ တစ်ရပ်လုံးကို ထိခိုက်သောပြင်းထန်သည့်စိတ်ဝေဒနာ) ဖော်ထုတ်ခြင်း နှင့် ကုသမှုတို့တွင် အထူးကျွမ်းကျင်သည်။

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။