Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Eric Teh Chin Huat

Doctor's Photo

MBBS (S'pore), FRCS (Glas), FAMS

Singapore

ခွဲစိတ်အထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

အစာအိမ်အူလမ်းကြောင်းကင်ဆာများ၊ ၀မ်းတွင်းအင်္ဂါကြည့်ကိရိယာဖြင့် သည်းခြေအိတ်ခွဲစိတ်ခြင်း၊ အူအတက် ခွဲစိတ်ခြင်း၊ အူကျရောဂါများ နှင့် အစာအိမ်ခွဲစိတ်ခြင်း၊ အစာအိမ်မှန်ပြောင်းကြည့်ခြင်း၊ အူမကြီးလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း၊ မူမမှန်သောအဖုအသီးများကို မှန်ပြောင်းကြည့်ခြင်းဖြင့် ဖယ်ရှားခြင်း၊ ရောဂါဖော်ထုတ်ခြင်း နှင့် ကုသခြင်း၊ ERCP နှင့် သည်းခြေပြွန်ကျောက်များဖယ်ရှားခြင်း၊ ကိုယ်တွင်းကြည့်မှန်ပြောင်းဖြင့် ရင်ခေါင်းတွင်းရှိ Sympathetic နာဗ်ကြောမျှင်များ ခွဲစိတ်ဖြတ်တောက်ခြင်း။ 

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Eric Teh သည် အထွေထွေခွဲစိတ်ဆရာဝန်ကြီးဖြစ်သည်။ သူသည် အစာအိမ်အူလမ်းကြောင်း ကင်ဆာများ၊ ၀မ်းတွင်းအင်္ဂါကြည့်ကိရိယာဖြင့် သည်းခြေအိတ်ခွဲစိတ်ခြင်း၊ အူအတက်ခွဲစိတ်ခြင်း၊ အူကျရောဂါများ နှင့် အစာအိမ်ခွဲစိတ်ခြင်း၊ အစာအိမ်မှန်ပြောင်းကြည့်ခြင်း၊ အူမကြီးလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း၊ မူမမှန်သော အဖုအသီးများကို မှန်ပြောင်းကြည့်ခြင်းဖြင့် ဖယ်ရှားခြင်း၊ ရောဂါဖော်ထုတ်ခြင်း နှင့် ကုသခြင်းတို့တွင် စိတ်ဝင်စားပြီး၊ အတွေ့အကြုံလည်းရှိသည်။ သူသည် လက်ဖ၀ါးတွင် ချွေးပြန်များခြင်းအတွက် ကိုယ်တွင်းကြည့်မှန်ပြောင်းဖြင့် ရင်ခေါင်းတွင်းရှိ Sympathetic နာဗ်ကြောမျှင်များ ခွဲစိတ်ဖြတ်တောက်ခြင်းကိုလည်း လုပ်ဆောင်လျက်ရှိသည်။

ဒေါက်တာ Teh သည် ၁၉၈၄ ခုနှစ်တွင် စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ စင်ကာပူအစိုးရပြည်သူ့ ၀န်ဆောင်မှုကော်မရှင်ပညာသင်ဆုဖြင့် သူ၏ MBBS ကိုရရှိခဲ့သည်။ သူသည် စင်ကာပူ Glasgow နှင့် တိုကျို ဂျပန်ရှိ အမျိုးသားကင်ဆာစင်တာတို့တွင် ဘွဲ့လွန်အထူးသင်တန်းကိုတက်ရောက်ခဲ့သည်။ သူသည် ၁၉၉၁ ခုနှစ် Glasgow ခွဲစိတ်ဆရာဝန်တော်ဝင်ကောလိပ် နှင့် ၁၉၉၄ ခုနှစ် စင်ကာပူဆေးတက္ကသိုလ်တို့၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ သူသည် ယခင်က ကျန်းမာရေးဝန်ကြီးဋ္ဌာန ကျောက်ကပ်အစားထိုးခွဲစိတ်ဆရာဝန်အဖွဲ့၏ အသင်းဝင်ဖြစ်ခဲ့ဖူးသည်။ ဒေါက်တာ Teh သည် အာရှကိုယ်တွင်းကြည့်မှန်ပြောင်း နှင့် ၀မ်းတွင်းအင်္ဂါကြည့်မှန်ပြောင်းခွဲစိတ်ဆရာဝန်များအဖွဲ့၊ နိုင်ငံတကာအစာအိမ်ကင်ဆာအဖွဲ့အစည်း ဖွဲ့စည်းစဉ်တို့တွင် ပါဝင်ခဲ့သောအဖွဲ့ဝင်ဖြစ်သည်။ 

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။