Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Joshua Kua Hai Kiat

Doctor's Photo

MBBS (S’pore), M Med (Psych), Dip (Psychotherapy), FAMS

Singapore

Raffles နှစ်သိမ့်ဆွေးနွေးတိုင်ပင်အကြံပြုကုသဌာန။

လက်တွေ့စိတ်ဝင်စားမှု

စိတ်ရောဂါ (စိုးရိမ်ကြောင့်ကြပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း နှင့် ပြင်းထန်သည့်စိတ်ဝေဒနာ)၊ လူကြီးပိုင်းစိတ်ရောဂါ (ခွဲခြားသိမြင်နိုင်စွမ်း နှင့် မှတ်ဥာဏ်ပြဿ      နာများ) ကင်ဆာဆိုင်ရာစိတ်ရောဂါ၊ မှုခင်းဆေးပညာဆိုင်ရာကိစ္စများ (စဉ်းစားဆင်ခြင်နိုင်စွမ်းစစ်ဆေးပေးခြင်း)၊ နှစ်သိမ့်ဆွေးနွေးတိုင်ပင်အကြံပြုခြင်း နှင့်  စိတ်ရောဂါကုထုံး။ 

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Kua သည် စိတ်ရောဂါအထူးကုဆရာဝန်ကြီးဖြစ်သည်။ ၁၉၉၄ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အခြေခံ နှင့် အဆင့်မြင့် စိတ်ရောဂါဆိုင်ရာအထူးကုသင်တန်းကို တက်ရောက်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် စိတ်ရောဂါကုသမှု အထူးပြုခြင်းတွင် တရားဝင်အသိအမှတ်ပြုခြင်းခံရခဲ့သည်။ ၂၀၀၂ ခုနှစ် မှ ၂၀၀၃ ခုနှစ်တွင် St George’s Aged Psychiatry Service မှ လူကြီးပိုင်းစိတ်ရောဂါ နှင့် သြစတေးလျ Peter MacCallum Cancer Institute မှ ကင်ဆာဆိုင်ရာစိတ်ရောဂါသင်တန်း ကိုပြီးဆုံးခဲ့သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ Institute of Mental Health, Geriatric Psychiatry ဋ္ဌာန၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

ဆေးကုထုံးအပြင် ဒေါက်တာ Kua သည် စိတ်ပိုင်းဆိုင်ရာတိုင်ပင်ဆွေးနွေးနည်းလမ်းများကိုလည်းသုံး၍ကုသသည်။ ၂၀၀၁ ခုနှစ်တွင်စိတ်ပိုင်းဆိုင်ရာကုထုံးဘွဲ့လွန်ဒီပလိုမာကို ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။ Cognitive Behavioral Therapy နှင့် တစ်ခြားစိတ်ပိုင်းဆိုင်ရာကုထုံးများတွင်လည်း သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ရရှိခဲ့သည်။

ယခုလက်ရှိတွင် Agency for Integrated Care (AIC) ဆေးဘက်ဆိုင်ရာအကြံပေးဘုတ်အဖွဲ့၏ အသင်းဝင် နှင့် ဧည့်အတိုင်ပင်ခံဆရာဝန်ကြီးလည်းဖြစ်သည်။

ဒေါက်တာ Kua သည် MOH နှင့် MCYS ၏ ၀န်ကြီးအဆင့်ကော်မတီများတွင်လည်းပါဝင်ခဲ့ဖူးသည်။ Benzodiazepines Prescription (2008) နှင့် Dementia (2011) ဆေးဝါးဆိုင်ရာလက်တွေ့လမ်းညွှန်များရေးသား ပြဋ္ဌာန်းရာတွင်ပါဝင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် Mental Capacity Act အတွက် MCYS မှ အထူးဧည့်သည်တော် အဖြစ်ခန့်အပ်ခြင်းခံရခဲ့သည်။

ယခင်က NUS, Yong Loo Lin ဆေးကျောင်း၏ လက်တွေ့ကထိက၊ စိတ်ရောဂါဗေဒ ဘွဲ့လွန်ဆေးကျောင်းစာမေးပွဲ များ၏ စာစစ်သူလည်းဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် စိတ်ရောဂါဗေဒအစည်းအဝေး အာစီယံညီလာခံတွင် သုတေသနစာတမ်းဆုကို ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Healthcare Humanity ဆုကို ချီးမြှင့်ခြင်းခံရခဲ့သည်။

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။