Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Lynette Low

Doctor's Photo

MBBS (UK), MRCP (UK), FAMS

Singapore

အရေပြားနှင့်အလှအပပြုပြင်ရေးအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

အမျိုးသားနှင့်အမျိုးသမီးကျန်းမာရေး၊ လိင်ပိုင်းဆိုင်ရာကျန်းမာရေး၊ အသားအရေနှင့်အလှအပပိုင်းဆိုင်ရာ၊ လူကြီး နှင့်ကလေး အထွေထွေအရေပြားအထူးကုဗေဒ။ 

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Lynette Low သည် ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုခံထားရသည့် အရေပြားအထူးကု ဆရာဝန်ကြီးဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်တွင် လန်ဒန်တက္ကသိုလ် Queen Mary မှ ဘွဲ့ရခဲ့ပြီး၊ အင်္ဂလန် အထွေထွေ ဆေးကောင်စီတွင် မှတ်ပုံတင်ထားပါသည်။ ဆေးပညာအထူးကုဗေဒသင်တန်းပြီးမြောက်ခဲ့သည့် အင်္ဂလန်ကျန်းမာ ရေးဌာနတွင် အငယ်တန်းကိုယ်စားလှယ်ဆရာဝန်လည်းဖြစ်ခဲ့ဖူးသည်။ 

ဒေါက်တာ Low သည် လူနာပြုစုကုသမှုတွင် နိုင်ငံတကာအတွေ့အကြုံရှိပါသည်။ လန်ဒန်ရှိ Ambrose King ဌာန၊ Bart’s လိင်ပိုင်းဆိုင်ရာကျန်းမာရေးဌာနအပြင် St Mary ဆေးရုံ အရေပြားဌာန နှင့် လန်ဒန် Imperial ကောလိပ် တို့တွင် ကလေးအထူးကုဗေဒ၊ အမျိုးသမီးအင်္ဂါဇတ် နှင့် အရေပြားကင်ဆာဆေးခန်းတို့တွင် သင်တန်းရရှိခဲ့သည်။ ဘော်စတွန် Massachusetts’s အထွေထွေဆေးရုံ၊ St Vincent’s ဆေးရုံအပြင် သြစတေးလျ Melbourne ရှိ အရေပြားနှင့်ကင်ဆာအဖွဲ့အစည်းတို့တွင် လေ့လာသင်ယူခဲ့ပါသည်။ မကြာသေးမှီက စင်ကာပူ KK အမျိုးသမီး နှင့် ကလေးအထူးကုဆေးရုံ အမျိုးသမီးအင်္ဂါဇတ်ဆေးခန်းတွင် သင်တန်းပေးခဲ့သည်။ 

၂၀၀၉ ခုနှစ်တွင် အင်္ဂလန်ဆရာဝန်များဆိုင်ရာတော်ဝင်ကောလိပ်၏အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံရခဲ့ပြီးနောက် စင်ကာပူသို့ပြန်လာ၍ ၂၀၁၁-၂၀၁၄ ခုနှစ် အမျိုးသားအရေပြားဌာနတွင် အဆင့်မြင့်အထူးကုသင်တန်းပြီးစီးခဲ့ပြီး နောက် ၂၀၁၄ ခုနှစ်တွင် စင်ကာပူဆေးတက္ကသိုလ်တွင် အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရခဲ့သည်။ စင်ကာပူအရေပြား ဆိုင်ရာအဖွဲ့အစည်း နှင့် အမေရိကန်အလှအပဆိုင်ရာဆေးတက္ကသိုလ်တို့တွင် အဖွဲ့ဝင်လည်းဖြစ်သည်။

Raffles ဆေးရုံတွင်တာဝန်မထမ်းဆောင်မှီ စင်ကာပူအမျိုးသားအရေပြားဌာန နှင့် Khoo Teck Puat ဆေးရုံတွင် အရေပြားအထူးကုဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လိင်မှတဆင့်ကူးစက်သောရောဂါထိန်းချုပ်သည့် ဌာနရှိ အမျိုးသမီးဆေးခန်းနှင့်အထွေထွေဆေးခန်းတို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှခန့်အပ်သော ဆေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါက်တာ Low သည် လုပ်ဖော်ကိုင်ဖက်အချင်းချင်းသုံးသပ်သော သိပ္ပံဂျာနယ်များတွင် ပုံနှိပ်ထုတ်ဝေလျက်ရှိပြီး၊ ပြည်တွင်းပြည်ပဆွေးနွေးပွဲများတွင်လည်း ဖိတ်ကြားခြင်းခံရခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် စင်ကာပူ၌ပြုလုပ်သော အရေပြားရောဂါဗေဒဆွေးနွေးပွဲညီလာခံတွင် မှတ်တမ်းအစီရင်ခံတင်ပြမှုအကောင်းဆုံးဆုကို ဒေါက်တာ Jean Bolognia မှ ချီးမြှင့်ခဲ့သည်။ စင်ကာပူအမျိုးသားတက္ကသိုလ် Yong Loo Lin ဆေးကျောင်း နှင့် Lee Kong Chian ဆေးကျောင်းတို့တွင် ကထိက၊ စာစစ်သူ နှင့် လက်တွေ့နည်းပြဆရာလည်းဖြစ်ပါသည်။

အမျိုးသားနှင့်အမျိုးသမီးကျန်းမာရေး (၀က်ခြံ၊ ဆံပင်ကျွတ်ခြင်း နှင့် လိင်အင်္ဂါအရေပြားရောဂါ) ၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ အရေပြားနှင့်အလှအပပိုင်းဆိုင်ရာကုသမှု (အမာရွတ်၊ မှဲ့ခြောက် နှင့် ဆေးမှင်ကြောင်ဖျက်ခြင်း) တို့ကိုအထူးစိတ်ဝင်စားသည်။  နှင်းခူရောဂါ၊ မှဲ့စစ်ဆေးခြင်း၊ ကြမ်းထော်သောအနီပိန့်များ၊ ယားယံသောအပိန့်အဖု အင်ပြင်များ နှင့် သမင်ဖြူရောဂါ စသည့် လူကြီးနှင့်ကလေးဆိုင်ရာ အထွေထွေအရေပြားရောဂါတို့ကို ကုသပေး လျက်ရှိပါသည်။  

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။