Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Lynette Ngo Su Mien

Doctor's Photo

MBBS (S’pore), M Med (Int Med), MRCP (UK), Dip Palliative Med

Singapore

Raffles ကင်ဆာအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

ရင်သားနှင့်သားဖွားမီးယပ်ဆိုင်ရာကင်ဆာများ၊ ကင်ဆာနှင့်ဆက်နွယ်သော စိတ်ပိုင်းလူမှုရေးဆိုင်ရာပြဿ     နာများ နှင့် ကင်ဆာရောဂါလက္ခဏာများကို သက်သာစေရန်ဆေးကုသခြင်း။ 

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Lynette Ngo သည် ကင်ဆာအထူးကုဆရာဝန်ကြီးဖြစ်သည်။ ဒေါက်တာ Ngo သည် ၁၉၉၆ တွင် NUS မှဘွဲ့ရခဲ့သည်။ ဆေးပညာအထူးကုမဟာဘွဲ့ကို ဆက်လက်ဆည်းပူး၍ ၂၀၀၂ ခုနှစ်တွင် Royal College of Physicians (UK) ၏အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ကင်ဆာရောဂါလက္ခဏာများကို သက်သာစေသော ဆေးကုသခြင်းပညာရပ် ဘွဲ့လွန်ဒီပလိုမာကို ၂၀၀၆ ခုနှစ်တွင်ရရှိခဲ့ပြီး၊ ၂၀၀၇ ခုနှစ်တွင် ကင်ဆာအထူးကုဆရာဝန်အဖြစ် တရားဝင်အသိအမှတ်ပြုခြင်းခံရခဲ့သည်။

Raffles ဆေးရုံသို့မ၀င်ခင်တွင် ဒေါက်တာ Ngo သည် စင်ကာပူအမျိုးသားကင်ဆာဌာန (NCCS) တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ KKWCH မီးယပ်သားဖွားနှင့်ရင်သားကင်ဆာဌာန၊ Khoo Teck Puat ဆေးရုံတို့တွင် ဧည့်အတိုင်ပင်ခံဆရာဝန်ကြီးဖြစ်ခဲ့ဖူးသည်။ Yong Loo Lin ဆေးကျောင်းတွင် လက်တွေ့ဆရာမဖြစ်သည်။ NCCS သို့မ၀င်ခင်တွင် ရပ်ကွက်အသင်းအဖွဲ့၌ နာတာရှည်ဆေးရုံတွင် အတွင်းလူနာအတွက်ဝန်ဆောင်မှုပေးခြင်း နှင့် နာတာရှည်ဂေဟာစောင့်ရှောက်ရေးတွင် ၅နှစ်ကြာ လူနာများကိုပြုစုစောင့်ရှောက်ခဲ့သည်။

အထွေထွေဆေးပညာနှင့်ဆိုင်သော ကင်ဆာများကုသခြင်းအပြင် ဒေါက်တာ Ngo စိတ်ဝင်စားသောအပိုင်းများမှာ ရင်သားနှင့်မီးယပ်သားဖွားဆိုင်ရာကင်ဆာများ၊ ကင်ဆာနှင့်ဆက်နွယ်သော စိတ်ပိုင်းလူမှုရေးဆိုင်ရာပြဿ     နာများ နှင့် ကင်ဆာရောဂါလက္ခဏာများကို သက်သာစေရန်ဆေးကုသခြင်းတို့ဖြစ်သည်။ သူမစိတ်ဝင်စားသည့် မီးယပ်သားဖွားဆိုင်ရာကင်ဆာများ လေ့လာလိုက်စားစဉ်တွင် အမေရိကား Massachusetts အထွေထွေဆေးရုံ (MGH) ၌ မီးယပ်သားဖွားဆိုင်ရာ ကင်ဆာအတွက် Gillette စင်တာတွင် တစ်နှစ်အချိန်ပေးခဲ့သည့်အတွက် Health Manpower Development Programme ဆုကိုချီးမြှင့်ခြင်းခံရခဲ့သည်။ MGH မီးယပ်သားဖွားဆိုင်ရာကင်ဆာပညာရပ်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လက်တွေ့စမ်းသပ်ချက်အသစ်အမြောက်အမြားကို စူးစမ်းဖော်ထုတ်ခြင်း၊ ဆန်းသစ်သောဆေးများကိုစမ်းသပ်စစ်ဆေးခြင်း နှင့် မော်လီကျူးလမ်းကြောင်းအားဖြင့် မီးယပ်သားဖွားဆိုင်ရာကင်ဆာများ ကုသသည့်နည်းလမ်းများကို ဒီဇိုင်းပုံစံထုတ်၍ စီမံဆောင်ရွက်ခဲ့သည်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပြန်လည်သုံးသပ်သည့် ဂျာနယ်များ၌ စာနယ်ဇင်းပုံနှိပ်ထုတ်ဝေမှု အမြောက်အမြားတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ပြီး၊ စာအုပ်အခန်းကဏ္ဍများတွင်လည်း ပါဝင်ရေးသားခဲ့သည်။ 

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။