Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Mohammed Tauqeer Ahmad

Doctor's Photo

MBBS (Aligarh), MRCP (UK), M Med (Int Med), FAMS

Singapore

အာရုံကြောအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

General neurology, stroke and neuroimmunology

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Ahmad သည် သူ၏အခြေခံဆေးပညာဘွဲ့ကို အိန္ဒိယ Aligarh Muslim တက္ကသိုလ်မှ ၁၉၉၇ ခုနှစ်တွင် ရရှိခဲ့သည်။ သူသည် ၂၀၀၆ ခုနှစ်တွင် NUS မှ M Med (Int Med) ဘွဲ့လွန်ရရှိခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် the Royal College of Physicians (Edinburgh) ၏အဖွဲ့ဝင်ဖြစ်ခဲ့သည်။ သူ၏တစ်ခြားပညာအရည်အချင်းများမှာ MD (အထွေ ထွေဆေးပညာရပ်)၊ MRCPS (Glasgow)  နှင့် FAMS (အာရုံကြောဗေဒ) တို့ဖြစ်သည်။ 

Raffles ဆေးရုံတွင်တာဝန်မထမ်းဆောင်မှီ ဒေါက်တာ Ahmad သည် အမျိုးသားအာရုံကြောသိပ္ပံတက္ကသိုလ် အာရုံ ကြောအထူးကုဋ္ဌာန၏ အတိုင်ပင်ခံဆရာဝန်ကြီးဖြစ်ခဲ့ဖူးသည်။ သူသည် သူ၏ အခြေခံနှင့်အဆင့်မြင့် အထူးကု ဆရာဝန်သင်တန်းကို စင်ကာပူအထွေထွေဆေးရုံတွင်ပြီးစီးခဲ့သည်။ သူသည် ယခင်က Yong Loo Lin ဆေးကျောင်းတွင် နည်းပြဆရာဖြစ်ခဲ့ဖူးပြီး၊ ယခုလက်ရှိတွင် Duke NUS ၌ နည်းပြဆရာဖြစ်သည်။ သူသည် ဆေးပညာရပ်ဆိုင်ရာ ဘွဲ့နှင့်ဘွဲ့လွန်သင်တန်းအပြင်၊ ကျန်းမာရေးပြုစုစောင့်ရှောက်သည့်လုပ်သားများ နှင့် ပြည်သူ တို့ကိုသင်ကြားပေးခြင်းတို့တွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည်။ 

ဒေါက်တာ Ahmad သည် မြောက်မြားစွာသော ဒေသဆိုင်ရာကော်မတီများ၏ အဖွဲ့ဝင်ဖြစ်သည့်အပြင်၊ အာရုံကြော ဗေဒနှင့်ပတ်သက်သည့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း အကဲဖြတ်ကြည့်ရှုသော ဂျာနယ်အမြောက်အမြားတို့တွင် စစ်ဆေးတည်းဖြတ်သူလည်းဖြစ်သည်။ သူ၏အထူးစိတ်ဝင်စားမှုများမှာ အထွေထွေအာရုံကြောဗေဒ၊ လေဖြတ်ခြင်း နှင့် အာရုံကြောဆိုင်ရာကိုယ်ခံအားဗေဒတို့ဖြစ်သည်။

 

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။