Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Nitish Mishra

Doctor's Photo

MBBS (India), MRCP (UK)

Singapore

ဆီးချိုနှင့်ပြွန်မဲ့ဂလင်းများအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

အ၀လွန်ခြင်း၊ အ၀လွန်ဆီးချိုရောဂါ၊ ဆီးချိုအမျိုးအစား ၂ အတွက် metabolic (bariatric) ခွဲစိတ်မှု ၊ လိင်ဆက်ဆံမှု ပြဿ     နာ နှင့် မျိုးပွားခြင်းဆိုင်ရာ ပြွန်မဲ့ဂလင်းဗေဒ။ 

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Mishra သည် အိန္ဒိယ Nagpur တက္ကသိုလ်မှဘွဲ့ရခဲ့ပြီး၊ အင်္ဂလန် Cardiff တွင် အခြေခံဆေးပညာရပ်သင်တန်းကိုရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် MD နှင့် MRCP (UK) တို့ကိုရရှိခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင်သင်တန်းအစီအစဉ်တွင် ပြွန်မဲ့ဂလင်းဗေဒ နှင့် အထွေထွေဆေးပညာရပ် အထူးကျွမ်းကျင်သင်တန်းအတွက် ရွေးချယ်ခြင်းခံရခဲ့ပြီး၊ ၂၀၁၁ ခုနှစ်တွင် လန်ဒန် Kings College ဆေးရုံမှ ပြွန်မဲ့ဂလင်းဗေဒ နှင့် အထွေထွေဆေးပညာရပ် အထူးကျွမ်းကျင်သင်တန်းပြီးမြောက်ခြင်း အသိအမှတ်ပြုလက်မှတ်ကိုရရှိခဲ့သည်။

ဒေါက်တာ Mishra သည် ဇန်န၀ါရီ ၂၀၁၂ စင်ကာပူသို့မပြောင်းရွေ့ခင်တွင် North Bristol NHS Trust ၌ ပြွန်မဲ့ဂလင်းဗေဒအထူးကုဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ Raffles ဆေးရုံတွင် တာဝန်မထမ်းဆောင်စဉ်၌ KTPH ပြွန်မဲ့ဂလင်းဗေဒဌာနတွင် အတိုင်ပင်ခံဆရာဝန်ကြီးဖြစ်သည်။ DSRB အတည်ပြုထောက်ခံသည့် သုတေသနများတွင် ဦးဆောင်သူအနေဖြင့်သာမက တွဲဖက်စုံစမ်းစစ်ဆေးသူအနေဖြင့်ပါ တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည်။ NUS, Yong Loo Lin ဆေးကျောင်းတွင် လက်တွေ့နည်းပြဆရာအဖြစ် ခန့်အပ်ခြင်းခံရခဲ့ပြီး၊ စာပေသင်ကြားရေးထူးချွန်ပြောင်မြောက်ဆုများကိုလည်း လက်ခံရရှိခဲ့သည်။

ဒေါက်တာ Mishra သည် အ၀လွန်ခြင်း၊ အ၀လွန်ဆီးချိုရောဂါ၊ ဆီးချိုအမျိုးအစား ၂ အတွက် metabolic (bariatric) ခွဲစိတ်မှု ၊ ဆီးချိုရောဂါကြောင့် လိင်ဆက်ဆံမှုပြဿ     နာ၊ ပစ်ကျူ ထရီဂလင်း၊ သိုင်းရွိုက်ဂလင်း၊ အက်ဒရီနယ်ဂလင်း ပုံမမှန်မှုများ နှင့် မျိုးပွားခြင်းဆိုင်ရာပြွန်မဲ့ဂလင်းဗေဒ စသည်တို့ကိုအထူးစိတ်ဝင်စားသည်။

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။