Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Paul Chia Min Wee

Doctor's Photo

MBBS (S’pore), MRCP (UK), M Med (Int Med), FRCP (Edin), FAMS

Singapore

အရေပြားနှင့်အလှအပပြုပြင်ရေးအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

အထွေထွေနှင့်အလှအပဆိုင်ရာ အရေပြားအထူးကုပညာရပ်၊ လေဆာခွဲစိတ်မှု၊ အရေပြားကင်ဆာများ၊ လက်သည်း ခြေသည်းပုံမမှန်ခြင်းများ၊ အရေပြားဆိုင်ရာနှင့် Mohs micrographic ခွဲစိတ်မှု။ 

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Chia သည် ၂၀၀၀ ခုနှစ်တွင် NUS မှဘွဲ့ရခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် အင်္ဂလန်ဆရာဝန်များဆိုင်ရာတော်ဝင် ကောလိပ်၏အဖွဲ့ဝင်နှင့်ဆေးပညာရပ်မဟာဘွဲ့ကိုရရှိခဲ့သည်။ ဆေးပညာအထူးကုအခြေခံသင်တန်းပြီးဆုံးပြီးနောက် အမျိုးသားအရေပြားဋ္ဌာန နှင့် CGH တို့၌ အရေပြားပညာရပ်အထူးကုအဆင့်မြင့်သင်တန်းကို တက်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အရေပြားအထူးကုဆရာဝန်ကြီးအဖြစ် အရည်အချင်းပြည့်မှီခဲ့ပြီး၊ အရေပြားအထူးကုဆရာဝန်ကြီး များအသင်းမှ အတော်ဆုံးကိုယ်စားလှယ်လောင်းအဖြစ် ချီးမြှင့်ခြင်းခံရခဲ့သည်။ စင်ကာပူဆေးတက္ကသိုလ် နှင့် Edinburgh ဆရာဝန်များဆိုင်ရာတော်ဝင်ကောလိပ်တို့၏ အဖွဲ့ဝင်အဖြစ်စာရင်းဝင်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် Ninewells ဆေးရုံ၌ ဗြိတိသျှအရေပြားဆိုင်ရာခွဲစိတ်ဆရာဝန်များအဖွဲ့အစည်း၏ဥက္ကဋ္ဌ ဒေါက်တာ Colin Fleming ၏သင်ပြမှုအောက်တွင် dermatologic & Mohs micrographic ခွဲစိတ်မှု နှင့် အရေပြားကင်ဆာ အဖွဲ့ဝင်သင်တန်းကို လေ့လာလိုက်စားခဲ့သည်။ University Hospital Inselspital၊ ဆွစ်ဇလန် Berne တက္ကသိုလ် အရေပြားအထူးကုဋ္ဌာနတွင် လက်သည်းခြေသည်းပုံမမှန်ခြင်းများ နှင့် လက်သည်းခွဲစိတ်မှုတို့ကို ပါမောက္ခ Eckart Haneke လမ်းညွှန်မှုအောက်တွင် သင်တန်းတက်ရောက်ခဲ့သည်။ အမေရိကန်အရေပြားဆိုင်ရာခွဲစိတ်ဆရာဝန်များ အဖွဲ့အစည်း နှင့် Mohs ခွဲစိတ်မှုအတွက် အမေရိကန်အဖွဲ့အစည်းတို့တွင် အသင်းဝင်လည်းဖြစ်သည်။

ဒေါက်တာ Chia သည် Mohs & Dermatological Surgery ၀န်ဆောင်မှုကို CGH တွင်စတင်ခဲ့ပြီး၊ အရေပြား ကင်ဆာလူနာများကို ကြီးကြပ်ကွပ်ကဲခဲ့သည်။ အရေပြားပညာရပ်သုတေသနစာတမ်းအမြောက်အမြားကို သိပ္ပံ ဆိုင်ရာဂျာနယ်များနှင့်ညီလာခံဆွေးနွေးပွဲများတွင် ပုံနှိပ်ထုတ်ဝေတင်ပြခဲ့သည်။ မြောက်မြားစွာသော ဆောင်းပါးများ တွင်ပါဝင်ရေးသားခဲ့ပြီး၊ ဆေးဘက်ဆိုင်ရာနှင့်လူနာအသိပညာပေးရေးတို့အတွက် ဆွေးနွေးဟောပြောသူလည်းဖြစ် သည်။   

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။