Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Seng Shay Way

Doctor's Photo

MB Bch (Ireland), MRCOG (UK)

Singapore

ဖန်ပြွန်သန္ဓေသားနှင့်မျိုးပွားခြင်းအထူးကုဌာန။; သားဖွားနှင့်မီးယပ်အထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

IVF နှင့် မျိုးပွားခြင်းဆိုင်ရာဆေးကုသမှုပညာရပ်။

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Seng Shay Way သည် သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးဖြစ်သည်။ ဒေါက်တာ Seng သည် အိုင်ယာလန် ခွဲစိတ်ဆရာဝန်များဆိုင်ရာတော်ဝင်ကောလိပ်မှဘွဲ့ရခဲ့သည်။ လန်ဒန် သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများ တော်ဝင် ကောလိပ်သို့ဝင်ခွင့်မရခင်တွင် TTSH နှင့် KKH ဆေးရုံတို့တွင်လက်တွေ့ဆင်းခဲ့ပြီး၊ တဆက်တည်းမှာပင် သားဖွားနှင့်မီးယပ် အထူးကုသင်တန်းကိုတက်ရောက်ခဲ့သည်။ အင်္ဂလန် Royal Hallamshire ဆေးရုံ မျိုးပွားခြင်းဆေးပညာရပ်ဆိုင်ရာဌာနတွင် MOH HMDP ပညာသင်ဆုဖြင့် အထူးကုသင်တန်းကိုပြီးမြောက်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် New South Wales တက္ကသိုလ်မှ မျိုးပွားခြင်းဆေးပညာရပ်ဘွဲ့လွန်မာစတာဒီဂရီကို ထပ်မံရရှိခဲ့သည်။

ဒေါက်တာ Seng သည် မျိုးပွားခြင်းပုံမမှန်ခြင်းများနှင့်မျိုးမအောင်ခြင်း ကုသမှုနှင့်သင်ကြားမှုတို့တွင် ၁၅ နှစ်ကျော်ကျွမ်းကျင်မှု အတွေ့အကြုံရှိသော MOH အသိအမှတ်ပြု မျိုးပွားခြင်းဆိုင်ရာအထူးကုဆရာဝန်ကြီးဖြစ်သည်။ ၂၀၀၁ မှ ၂၀၀၃ ခုနှစ်အထိ စင်ကာပူသားဖွားနှင့်မီးယပ်ဗေဒအဖွဲ့အစည်း (OGSS) အလုပ်အမှုဆောင်ကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခု လက်ရှိ OGSS ၏အဖွဲ့ဝင်ဖြစ်သည်။ စင်ကာပူ Colposcopy & Cervical Pathology အဖွဲ့အစည်း၏အဖွဲ့ဝင်လည်းဖြစ်သည်။ Sree Narayana Home for the Aged Sick and the Meranti home in Pelangi village စောင့်ရှောက်ရေးဂေဟာတို့၏ လူမှုဖူလုံရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်သည်။ ထို့အပြင် ဒေါက်တာ Seng သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်  မှတ်ပုံတင် ထားသည့်ဆရာဝန်လည်းဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်ကတည်းက ရှန်ဟိုင်း United Family Hospitals တွင် မျိုးပွားခြင်းဆိုင်ရာ ဧည့်အတိုင်ပင်ခံဆရာဝန်ကြီးလည်းဖြစ်သည်။

ဒေါက်တာ Seng သည် KKH ၌ ဘွဲ့လွန်ဒီဂရီသင်ကြားရေးတွင်ပါဝင်လျက်ရှိသည်။ အထူးစိတ်ဝင်စားမှုများတွင် Polycystic Ovaries Syndrome (PCOS)၊ ကိုယ်ဝန်ပျက်ကျခြင်းများ၊ ဖန်ပြွန်သန္ဓေသား (IVF) cycles တွင် antagonist အသုံးပြုခြင်း၊ သားအိမ်အတွင်းနံရံတစ်သျှူးပုံမမှန်ကြီးထွားခြင်း  ကုသမှုနှင့်ခွဲစိတ်မှုတို့ကို အထူးစိတ်ဝင်စားသည်။ သန္ဓေအောင်စေရန်ကုသ မှုနှင့်ထိန်းသိမ်းခြင်းကိုအလေးပေးသော laparoscopic နည်း နှင့် ၀မ်းဗိုက်မှခွဲစိတ်ခြင်း စသည့်မီးယပ်ဆိုင်ရာခွဲစိတ်မှုသင်တန်း တို့ကိုလည်းတက်ရောက်အောင်မြင်ခဲ့သည်။ 

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။