Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Tan Siew Kiang

Doctor's Photo

MBBS (M’sia), M Med (Int Med), MRCP (UK)
အရေပြားအထူးကုဆရာဝန်ကြီး။

Singapore

အရေပြားနှင့်အလှအပပြုပြင်ရေးအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

 အထွေထွေနှင့်အလှအပဆိုင်ရာ အရေပြားရောဂါဗေဒ၊ လေဆာခွဲစိတ်မှု၊ ၀က်ခြံ၊ အမျိုးသမီးဆိုင်ရာအရေပြားရောဂါ ဗေဒ။ 

ကိုယ်ရေးရာဇ၀င်

 ဒေါက်တာ Tan Siew Kiang သည် Malaya တက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကိုရရှိခဲ့ပြီး စင်ကာပူတွင် ဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်းစတင်ခဲ့သည်။ ဆေးပညာရပ်အထူးကုသင်တန်းကိုပြီးမြောက်ပြီး၊ အင်္ဂလန်ဆရာဝန်များ ဆိုင်ရာတော်ဝင်ကောလိပ်၏အဖွဲ့ဝင် နှင့် စင်ကာပူဆေးပညာဘွဲ့လွန်ကို ရရှိခဲ့ပြီးနောက် အမျိုးသားအရေပြားဌာန နှင့် ချန်ဂီအထွေထွေဆေးရုံတို့တွင် အရေပြားဆိုင်ရာ အဆင့်မြင့်အထူးသင်တန်းကို တက်ရောက်ခဲ့သည်။

Raffles ဆေးရုံတွင် တာဝန်မထမ်းဆောင်မှီ ဒေါက်တာ Tan သည် ချန်ဂီအထွေထွေဆေးရုံတွင် အရေပြားအထူး ကုဆရာဝန်ကြီး နှင့် စင်ကာပူအမျိုးသားတက္ကသိုလ်တွင် ဆေးလက်တွေ့နည်းပြလည်းဖြစ်ခဲ့သည်။ လူနာပြုစုကုသမှု တွင် အသိအမှတ်ပြုခံရသည့်အနေဖြင့် ၂၀၁၁/၂၀၁၂ ခုနှစ်တွင် Eastern Health Alliance Caring ဆုကို ချီးမြှင့် ခြင်းခံရခဲ့သည်။

ဒေါက်တာ Tan သည် အထွေထွေနှင့်အလှအပဆိုင်ရာ အရေပြားပညာရပ် ပြုစုကုသမှုတွင်အတွေ့အကြုံရှိပြီး၊ အမျိုးသမီးများတွင်ဖြစ်တတ်သည့် ၀က်ခြံ၊ ဆံပင်ကျွတ်ခြင်း၊ အမာရွတ်များ၊ နေလောင်ဒဏ်အမည်းစက်များ၊ လိင်အင်္ဂါ သို့မဟုတ် အမျိုးသမီးအင်္ဂါဇတ် အဖုအပိမ့်များ စသည့်အရေပြားဆိုင်ရာအခြေအနေများကုသမှုတို့တွင် အထူးစိတ်ဝင်စားသည်။

ဒေါက်တာ Tan သည် ထိရောက်စွာဆက်ဆံပြောဆိုနိုင်မှု နှင့် ဘာသာစကားစုံကျွမ်းကျင်မှုတို့၏ အရေးပါပုံကို ယုံကြည်သည့်အလျောက် အင်္ဂလိပ်၊ တရုတ်၊ မလေး ဘာသာစကားအပြင် တရုတ်ဒေသသုံးစကားများဖြစ်သည့် Teochew, Hokkien နှင့် Cantonese စကားတို့ကို ကောင်းစွာပြောဆိုနိုင်ပြီး၊ လူနာတစ်ဦးတစ်ယောက်ချင်းစီ၏ လိုအပ်ချက်နှင့်အညီ ကုသမှုပေးလျက်ရှိပါသည်။

ဆေးဝါးကုသမှုလက်တွေ့ပိုင်းအပြင် ဒေါက်တာ Tan သည် အရေပြားဆိုင်ရာသုတေသနလုပ်ဆောင်ချက်တို့တွင် တက်ကြွစွာပါဝင်လေ့ရှိပြီး၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းသုံးသပ်သော အပြည်ပြည်ဆိုင်ရာဆေးဂျာနယ်များတွင် သိပ္ပံနည်းကျသုတေသန ဆောင်းပါးအမြောက်အများကို ပုံနှိပ်ထုတ်ဝေလျက်ရှိသည်။ သူမ၏စာတမ်းများကို ပြည်တွင်း၊ ပြည်ပ ညီလာခံများတွင်လည်း တင်ပြလျက်ရှိပါသည်။ ထိုအောင်မြင်မှုများကို အသိအမှတ်ပြုခံရသည့် အနေဖြင့် ၂၀၁၀ ခုနှစ်တွင် Singhealth ဆေးပညာရပ်သုတေသနပုံနှိပ်ထုတ်ဝေခြင်းဆု၊ ၂၀၁၃ ခုနှစ်တွင် ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့မှ ပြည်သူ့ကျန်းမာရေးကာကွယ်မှု နှင့် ဘေးကင်းမှုဦးစားပေးအကောင်းဆုံးအဖွဲ့ဝင် ဆုကို ချီးမြှင့်ခြင်းခံရခဲ့သည်။ 

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။