Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Teo Swee Guan

Doctor's Photo

MBBS (Australia), MRCP (UK), FAMS, FACC, FSCAI

Singapore

နှလုံးအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Teo သည် နှလုံးအထူးကုဆရာဝန်ကြီးဖြစ်သည်။ MBBS (Hons) နှင့် BSc (Medicine) ကို သြစတေးလျ New South Wales တက္ကသိုလ်မှရရှိခဲ့သည်။ ဆေးပညာရပ်ဆိုင်ရာသင်တန်းကို အင်္ဂလန်တွင် အထွေထွေဆေးပညာရပ်ဆိုင်ရာ ကောင်စီမှတ်ပုံတင်အပြည့်အစုံနှင့်ပြီးမြောက်ခဲ့ပြီး၊ ဆရာဝန်များဆိုင်ရာတော်ဝင် ကောလိပ် (UK) ၏အဖွဲ့ဝင်ဖြစ်သည်။ စင်ကာပူ ဆေးပညာရပ်တက္ကသိုလ် (နှလုံးပညာရပ်ဆိုင်ရာ) ၏အသင်းဝင်လည်းဖြစ်သည်။

ဒေါက်တာ Teo သည် နှလုံးပညာရပ်အဆင့်မြင့်သင်တန်းကို စင်ကာပူအမျိုးသား တက္ကသိုလ်ဆေးရုံတွင် တက်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် ဂျာမနီနိုင်ငံ Siegburg နှလုံးဌာနတွင် catheter အသုံးပြု၍ နှလုံးသွေးကြောကုသခြင်း (interventional cardiology) အထူးသင်တန်းအပြင် အမေရိကန်နိုင်ငံ Cleveland ဆေးရုံတွင် သွေးကြောဆိုင်ရာဆေးပညာ နှင့် Peripheral Intervention ဘာသာရပ်တို့ကိုလည်း တက်ရောက်ခဲ့သည်။

ဒေါက်တာ Teo သည် ယခင်က အမျိုးသားတက္ကသိုလ်နှလုံးဌာန နှလုံးကုသဆောင်တွင် အတိုင်ပင်ခံဆရာဝန်ကြီး နှင့် ဆေးဘက်ဆိုင်ရာဒါရိုက်တာတို့ဖြစ်ခဲ့သည်။ အမျိုးသားတက္ကသိုလ် နှလုံးဌာနရှိ သွေးကြောဆိုင်ရာဓာတ်ခွဲခန်း၏ တွဲဖက်ဒါရိုက်တာလည်းဖြစ်ခဲ့သည်။

ဒေါက်တာ Teo ကျွမ်းကျင်မှုနယ်ပယ်တွင် အထွေထွေနှလုံးအထူးကုပညာရပ်၊ နှလုံးသွေးကြောချဲ့ပညာရပ်၊ သွေးကြောဆိုင်ရာဆေးပညာရပ်၊ peripheral vascular intervention နှင့် နှလုံးလုပ်ဆောင်ချက်ချို့ယွင်းခြင်း ကုသမှုတို့ပါဝင်သည်။ နှလုံးထဲသို့ catheter ထည့်ပြီးစစ်ဆေးခြင်း၊ percutaneous coronary and peripheral vascular intervention အပြင်၊ တစ်ခြားအရေးပါသော စမ်းသပ်မှုများဖြစ်သည့် echocardiography၊ ambulatory blood pressure၊ ambulatory ECG နှင့် treadmill exercise stress tests တို့ကိုလည်း လုပ်ဆောင်လျက်ရှိသည်။     

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။