Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Yang Ching Yu

Doctor's Photo

Medical Director
MBBS (S’pore), FRCS (Glas), FAMS

China - Chongqing
Singapore

ခွဲစိတ်အထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

အူမကြီးလမ်းကြောင်းကင်ဆာ၊ လိပ်ခေါင်းများ၊ အစာဟောင်းအိမ်လမ်းကြောင်းကျွံခြင်း၊ complicated fistula-in-ano၊ ကိုယ်တွင်းကြည့်မှန်ပြောင်းဖြင့် အစာအိမ်အူလမ်းကြောင်း ရောဂါဖော်ထုတ်ခြင်းနှင့်ကုသခြင်း၊ အဆင့်မြင့် ၀မ်းတွင်းအင်္ဂါကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း။ 

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Yang Ching Yu သည် အထွေထွေခွဲစိတ်ဆရာဝန်ကြီး နှင့် Raffles ဆေးရုံ၏ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာတို့ဖြစ်သည်။ ဒေါက်တာ Yang Ching Yu သည် ၁၉၈၀ ခုနှစ်တွင် စင်ကာပူတက္ကသိုလ်မှ MBBS ကိုရရှိခဲ့သည်။ သူသည် ၁၉၈၆ ခုနှစ်တွင် Glasgow ခွဲစိတ်ဆရာဝန်များဆိုင်ရာတော်ဝင်ကောလိပ် နှင့် ၁၉၉၂ ခုနှစ်တွင် စင်ကာပူဆေးတက္ကသိုလ်တို့၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ဒေါက်တာ Yang သည် အမေရိကန်နိုင်ငံ Ohio ရှိ Cleveland ဆေးရုံတွင် အဆင့်မြင့်အထူးကုသင်တန်းကို တက်ရောက်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ် စင်ကာပူအစိုးရ လူ့အရင်း အမြစ်ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ပညာသင်ဆုဖြင့် အူမကြီးလမ်းကြောင်းခွဲစိတ်မှု နှင့် အစာအိမ်အူလမ်း ကြောင်းခွဲစိတ်မှုဋ္ဌာနတို့တွင် အထူးအဖွဲ့ဝင်ဖြစ်ခဲ့သည်။

အထွေထွေခွဲစိတ်မှုလုပ်ဆောင်ချက်များအပြင် ဒေါက်တာ Yang သည် အူမကြီးလမ်းကြောင်းခွဲစိတ်မှုကို အထူး စိတ်ဝင်စားပြီး၊ ကိုယ်တွင်းကြည့်မှန်ပြောင်းဖြင့် ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့်ကုသခြင်းတို့တွင် အတွေ့အကြုံ အများကြီးရှိသည်။ ၂၀၀၃ ခုနှစ် ဇူလိုင်လတွင် ဒေါက်တာ Yang သည် Raffles ဆေးရုံတွင် ကိုရီးယားလူမျိုး တင်ပဆုံဆက်အမြွှာကို အောင်မြင်စွာခွဲစိတ်ပေးခဲ့မှုတွင် ခွဲစိတ်ခေါင်းဆောင်ဆရာဝန်ကြီးအဖြစ်ပါဝင်ခဲ့သည်။

ဒေါက်တာ Yang သည် အာဆီယံ နှင့် စင်ကာပူ အူမကြီးလမ်းကြောင်းခွဲစိတ်ဆရာဝန်များအဖွဲ့အစည်း၊ ကိုယ်တွင်း ကြည့်မှန်ပြောင်း နှင့် ၀မ်းတွင်းအင်္ဂါကြည့်မှန်ပြောင်းဆိုင်ရာ အာရှခွဲစိတ်ဆရာဝန်များ ဖွဲ့စည်းစဉ်တို့က ပါဝင်ခဲ့သော အဖွဲ့ဝင်ဖြစ်သည်။ သူသည် အမေရိကန် အူမနှင့်အစာဟောင်းလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်များအဖွဲ့အစည်း၊ နှင့် အပြည်ပြည်ဆိုင်ရာ အူမကြီးလမ်းကြောင်း ခွဲစိတ်ဆရာဝန်များတက္ကသိုလ်၏ အဖွဲ့ဝင်လည်းဖြစ်သည်။

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။