Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Dr Yvonne Loh Su Ming

Doctor's Photo

MBBS (S’pore), MRCP (UK)

Singapore

Raffles ကင်ဆာအထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

Haematopoietic Stem Cell Transplantation (HSCT) and Acute Leukemia

ကိုယ်ရေးရာဇ၀င်

ဒေါက်တာ Loh သည် ၁၉၉၇ ခုနှစ်တွင် NUS မှဘွဲ့ရခဲ့ပြီး၊ ပထမနှင့်နောက်ဆုံးအဆင့် အထူးအတတ်ပညာဆိုင်ရာ ကျွမ်းကျင်စာမေးပွဲများတွင် တက္ကသိုလ်ဌာနမှူး စာရင်းဝင်ဖြစ်ခဲ့သည်။ SGH ဆေးပညာအထူးကုဌာနတွင် ဘွဲ့လွန်အဆင့်သင်တန်းကို တက်ရောက်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ်တွင် ဆရာဝန်များဆိုင်ရာတော်ဝင်ကောလိပ်၏ အဖွဲ့ဝင်အဖြစ်ခန့်အပ်ခြင်းခံရခဲ့သည်။ သွေးရောဂါပညာရပ်အဆင့်မြင့်အထူးသင်တန်းကို SGH တွင်ပြီးမြောက်ခဲ့ပြီး၊ ၂၀၀၅ ခုနှစ်တွင် ပါရဂူတရားဝင်အသိအမှတ်ပြုဘုတ်အဖွဲ့မှ တရားဝင်ခန့်အပ်ခြင်းခံရခဲ့ပြီးနောက် ဆေးတက္ကသိုလ်မှအဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့သည်။ ဒေါက်တာ Loh သည် Haematopoietic Stem Cell Transplantation (HSCT) and Acute Leukemia တို့ကိုအထူးစိတ်ဝင်စားပြီး၊ အမေရိကန် Northwestern တက္ကသိုလ်တွင် တက်ရောက်ခဲ့သည့် ကိုယ်ခံအားစနစ်ရောဂါများတွင် HSCT ကုထုံးပေးရန်လေ့လာမှုအတွက် HMDP အဖွဲ့ဝင်အဖြစ်ချီးမြှင့်ခြင်းခံရခဲ့သည်။

Raffles ဆေးရုံတွင်တာဝန်မထမ်းဆောင်စဉ်၌ ဒေါက်တာ Loh သည် Gleneagles ဆေးရုံ အာရှ-အမေရိကန် သွေးနှင့်ခြင်ဆီအစားထိုးဌာန၏ ဆေးပညာရပ်ဆိုင်ရာဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းမတိုင်မှီက Haematopoietic Stem Cell Transplant Program and Acute Leukemia service တို့၏ ဆေးဘက်ဆိုင်ရာဒါရိုက်တာအဖြစ်လည်းကောင်း၊ SGH သွေးရောဂါဗေဒဌာနတွင် စီနီယာအတိုင်ပင်ခံဆရာဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိတိုင် SGH တွင် ဧည့်အတိုင်ပင်ခံဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ NUS, Yong Loo Lin ဆေးကျောင်းတွင် လက်တွေ့နည်းပြဆရာဖြစ်ခဲ့ပြီး၊ ယခုတိုင် ဘွဲ့လွန်အဆင့် စာပေသင်ကြားရေးတွင် ပါဝင်လျက်ရှိပါသည်။

ဒေါက်တာ Loh သည် NMRC ဌာန ၂၀၁၁-၂၀၁၃ ခုနှစ်ထောက်ပံ့ကြေးတွင် project principle investigator ဖြစ်ခဲ့ပြီး၊ Singhealth ထောက်ပံ့ကြေးဆု အမြောက်အမြားကိုလည်းရရှိခဲ့သူဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းသုံးသပ်သော ဂျာနယ်များဖြစ်သည့် Blood, JAMA and Lancet Neurology တို့တွင်လည်း ပုံနှိပ်ထုတ်ဝေလျက်ရှိသည်။ HSCT နှင့် ပတ်သက်သောစာပေဟောပြောပွဲများအတွက် ပြည်တွင်း၊ပြည်ပတို့မှ မကြာခဏဖိတ်ကြားခြင်းခံရခဲ့သည်။ အရိုးခြင်ဆီ လှူ ဒါန်းမှု အစီအစဉ်တွင် ဘုတ်အဖွဲ့ဝင် နှင့် ဆေးပညာရပ်ဆိုင်ရာအကြံပေးဆရာဝန်အဖြစ် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။  

မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။