Loader
raffles-medical-group

Doctor Profile

Find a Doctor

or
or
or
or
or
or
or

Prof Walter Tan Tiang Lee

Doctor's Photo

Medical Director
MBBS (S'pore), M Med (Surgery), FRCS (Edin), FRCS (Glas), FACS, FACP (Hon), FRACS (General Surgery), FRACP (Hon), FAMS (Plastic Surgery)

Singapore

အရေပြားနှင့်အလှအပပြုပြင်ရေးအထူးကုဌာန။; ခွဲစိတ်အထူးကုဌာန။

လက်တွေ့စိတ်ဝင်စားမှု

ရုပ်ပြင်ခွဲစိတ်ကုသခြင်း၊ ဦးခေါင်း၊ လည်ပင်း နှင့် ရင်သားခွဲစိတ်ခြင်း။ 

ကိုယ်ရေးရာဇ၀င်

ပါမောက္ခ Walter Tan သည် Raffles ဆေးရုံ၏ ဆေးဘက်ဆိုင်ရာဒါရိုက်တာဖြစ်သည်။ ရုပ်ပြင်ခွဲစိတ်ဆရာဝန် ဖြစ်ပြီး၊ လက်တွေ့စိတ်ဝင်စားမှုများမှာ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်ခြင်း (သိုင်းရွိုက်နှင့်တံတွေးဂလင်းခွဲစိတ်မှု)၊ အလှအပဆိုင်ရာခွဲစိတ်ခြင်း၊ ရင်သား ပြန်လည်ပြုပြင်ခွဲစိတ်ခြင်းအပါအ၀င် အထွေထွေရင်သား နှင့် ရင်သားကင်ဆာခွဲစိတ်မှုတို့ဖြစ်သည်။ ပါမောက္ခ Walter Tan သည် ၂၀၀၃ ခုနှစ် Raffles ဆေးရုံတွင် ကိုရီးယားလူမျိုး တင်ပဆုံဆက်အမြွှာကို ခွဲစိတ်ပေးခဲ့သည့် အဖွဲ့ဝင်ဖြစ်သည်။

ပါမောက္ခ Tan သည် စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ၏ ခွဲစိတ်မှုဆိုင်ရာတွဲဖက်ပါမောက္ခ ရာထူးကို လက်ခံထားသည်။ စင်ကာပူဆေးကောင်စီ၏အဖွဲ့ဝင် (၂၀၀၆-၂၀၁၀)၊ စင်ကာပူ ရုပ်ပြင်ခွဲစိတ်ဆရာဝန်ကြီးများအဖွဲ့အစည်း ၏ဥက္ကဋ္ဌဟောင်း (၂၀၀၃-၂၀၀၉) နှင့် စင်ကာပူအလှအပဆိုင်ရာခွဲစိတ်အဖွဲ့အစည်း၏ဥက္ကဋ္ဌ (၂၀၀၉-၂၀၁၁) ဖြစ်သည်။ စင်ကာပူကျန်းမာရေးသိပ္ပံအဖွဲ့၏ဘုတ်အဖွဲ့ဝင် (၂၀၀၇-၂၀၁၃) နှင့် ယခုလက်ရှိ အာဆီယံဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့အစည်း၏ ဘုတ်အဖွဲ့ဝင်ဖြစ်သည်။ နိုင်ငံတကာဆိုင်ရာ Plastic ၊ Reconstructive နှင့် အလှအပ ဆိုင်ရာခွဲစိတ်မှု (IPRAS) အဖွဲ့အစည်းတွင် စင်ကာပူနိုင်ငံကိုယ်စားပြုလည်းဖြစ်သည်။ အမျိုးသားတက္ကသိုလ်ဆေးရုံ (NUH) နှင့် စင်ကာပူအထွေထွေဆေးရုံ (SGH) တို့တွင် စီနီယာဧည့်အတိုင်ပင်ခံရုပ်ပြင်ခွဲစိတ်ဆရာဝန်ကြီးဖြစ်သည်။

Raffles ဆေးရုံသို့မ၀င်ခင် ၂၀၀၁ ခုနှစ်တွင် စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) ၏ခွဲစိတ်ဆိုင်ရာပါမောက္ခ နှင့် အမျိုးသားတက္ကသိုလ်ဆေးရုံ (NUH) ခွဲစိတ်ဌာန Plastic & Reconstructive ခွဲစိတ်မှုအပိုင်းတွင် ခေါင်းဆောင် ဖြစ်ခဲ့သည်။ စင်ကာပူ (၂၀၀၀-၂၀၀၂) ခုနှစ်တွင် စင်ကာပူဆေးတက္ကသိုလ်၏ကျောင်းအုပ်လည်းဖြစ်ခဲ့ဖူးသည်။  



မှတ်စုများ။

မှတ်စုများသည် စိတ်ဝင်စားရာဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကို စုစည်းတင်ပြပေးနိုင်သည်။ ဆရာဝန်များ၏ ကိုယ်ရေးရာဇ၀င်များကိုရှာဖွေပြီးနောက် Save to Notes ခလုတ်ကိုနှိပ်ပါ။ သင်ရွေးချယ်ထားသည်များကို စုစည်း တင်ပြပေးပြီး pdf ဖိုင်ပုံစံအနေဖြင့်လည်းထုတ်ပေးနိုင်ပါသည်။