Loader

လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ရန်။

  • ကျန်းမာရေးစစ်ဆေးမည့် ရက်ချိန်းမတိုင်မှီညတွင် အနည်းဆုံး (၈)နာရီ ကြိုတင်၍ အစားနှင့်အရည် မစားဘဲနရန် လိုအပ်ပါသည်။ ရေသောက်လိုပါကသောက်နိုင်ပါသည်။ သောက်နေကြဆေးများကိုလည်းသွးဖောက်ပြီးသည့်   အချိန်အထိစောင့်ပြီးမှ သောက်သင့်ပါသည်။
  • သားအိမ်ခေါင်းအသားစယူခြင်း၊ ဆီး နှင့် ၀မ်းစစ်ဆေးခြင်းများကို ရာသီလာပြီး (၁၀) ရက်မြောက်နေ့တွင်မှသာ စစ်ဆေးသင့်ပါသည်။
  • ၀မ်းဗိုက်တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်းလုပ်ရန်လိုအပ်ပါက အစာမစားဘဲနေရန်လိုအပ်ပါသည်။ စမ်းသပ်မှုလုပ်နေစဉ်အတွင်း အနည်းငယ်မသက်မသာဖြစ်တတ်ပြီး ဂျယ်အသုံးပြုသဖြ့် အးပြီးစိုစွတ်သောခံစားမှုမျိုးရှိတတ်သည်။
  • တင်ပဆုံတွင်းတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း ပြုလုပ်ရန်လိုအပ်ပါက ဆီးအိမ်တင်းနေရန် လိုအပ်သဖြင့် ရေ (၆) ခွက်ခန့် သောက်ပေးရန်လိုအပ်ပါသည်။
  • ရင်သားဓာတ်မှန်ရိုက်ခြင်း ပြုလုပ်မည်ဆိုပါက ချွေးနံ့ပျောက်ဆေး၊ ရေမွှေး၊ ပေါင်ဒါ၊ မိတ်ကပ် စသည်တို့ကို လက်မောင်းနှင့်ရင်သားနေရာတစ်ဝိုက်တွင် မသုံးစွဲသင့်ပါ။ ပုံရိပ်အရည်အသွေးကို ထိခိုက်စေသောကြောင့်ဖြစ်ပါသည်။
  • ပြေးစက်ဖြင့်ပြေးပြီး အီးစီဂျီစစ်ဆေးခြင်း ပြုလုပ်ရန်လိုအပ်ပါက အ၀တ်အပိုတစ်စုံ နှင့် အားကစားဖိနပ် ယူလာပါက ပိုအဆင်ပြေပါသည်။ အကယ်၍ propranolol သို့မဟုတ် atenolol ကဲ့သို့ဆေးများသုံးစွဲနေပါက စစ်ဆေးခြင်းမပြု မှီ (၃) ရက်ခန့် ကြိုတင်၍မသောက်ဘဲနေသင့်ပါသည်။