Loader

အသုံးဝင်သောအချက်အလက်များ။

useful-information-iconသွေးစစ်ဆေးခြင်းဖြင့် ဂေါက်ရောဂါ၊ လည်ပင်းကြီးရောဂါ၊ သွေးအားနည်းရောဂါ၊ သွေးကင်ဆာရောဂါ၊ ဆီးချို
ရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ လိင်ဆက်ဆံရာမှကူးစက်တတ်သောရောဂါ၊ အဆစ်အမြစ်ရောင်
ရောဂါ၊ အသည်းနှင့်ကျောက်ကပ်ရောဂါများ၊ သွေးအဆီများခြင်း စသည်ဖြင့်ရောဂါအမျိုးမျိုးကို ကြိုတင်သိရှိနိုင်ပါသည်။
useful-information-iconသွေးတွင်းရှိ အမှတ်အသားများကို စစ်ဆေးခြင်းဖြင့် အသည်းကင်ဆာ၊ အူမကြီးကင်ဆာ၊ သရက်ရွက်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ နှင့် နှာခေါင်းကင်ဆာ စသည်တို့ကို စောလျင်စွာရှာဖွေသိရှိနိုင်ပါသည်။

useful-information-iconဆီးစစ်ဆေးခြင်းဖြင့် ကျောက်ကပ်အလုပ်လုပ်ဆောင်ချက် နှင့် ဆီးလမ်းကြောင်းအခြေအနေကိုသိရှိနိုင်ပါသည်။
useful-information-icon၀မ်းထဲတွင်သွေးပါမပါ စစ်ဆေးကြည့်ခြင်းအားဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ချေကို ခန့်မှန်းသိရှိနိုင်ပါသည်။
useful-information-iconသားအိမ်ခေါင်းအသားစ စစ်ဆေးခြင်းသည် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေကို ကြိုတင်သိရှိနိုင်ပါသည်။
useful-information-iconနှလုံးအလုပ်လုပ်ဆောင်မှု နှင့် နှလုံးခုန်စည်းချက်မှန်မမှန်စသည်ဖြင့် စစ်ဆေးပေးပါသည်။
useful-information-iconခန္ဓာကိုယ်ကြံ့ခိုင်မှုရှိမရှိ၊ နှလုံးအခြေအနေ နှင့် နှလုံးသွေးကြောကျဉ်းရောဂါရှိမရှိ ကြိုတင်သိရှိနိုင်ပါသည်။
useful-information-icon၀မ်းဗိုက်အတွင်းရှိ အသည်း၊ သည်းခြေအိတ်၊ ဘေလုံး၊ သရက်ရွက်၊ ကျောက်ကပ် စသည်တို့ကို စမ်းသပ်စစ်ဆေးနိုင်ပါသည်။
useful-information-iconတင်ပဆုံတွင်းရှိ ဆီးအိမ်၊ အမျိုးသမီးများတွင် သားအိမ်၊ သားဥအိမ်၊ သားအိမ်ခေါင်း၊ မွေးလမ်းကြောင်း စသည့်အင်္ဂါများ၊ အမျိုးသားများတွင် ဆီးကျိတ်ကြီးမကြီး စသည်ဖြင့် ကြိုတင်စမ်းသပ်သိရှိနိုင်ပါသည်။ 
useful-information-iconရင်သားနှင့်ပတ်သက်သော အဖုအကျိတ်နှင့်ရောဂါများကို ကြိုတင်စမ်းသပ်သိရှိနိုင်ပါသည်။
ရင်သားဓာတ်မှန်ရိုက်ခြင်းဖြင့် ရင်သားတွင် ကင်ဆာဖြစ်နိုင်ခြေအပြောင်းအလဲရှိမရှိ စမ်းသပ်သိရှိနိုင်ပါသည်။ အသက် (၄၀) မှ (၄၉) အတွင်းရှိ အမျိုးသမီးများ (၁) နှစ်လျှင်တစ်ကြိမ်၊ အသက် (၅၀) နှစ်အထက် အမျိုးသမီးများသည် (၂) နှစ်လျှင်တစ်ကြိမ် စစ်ဆေးသင့်ပါသည်။