Loader

About Us

Ward FacilitiesRaffles ဆေးရုံကြီးသည် စင်ကာပူ နှင့် အရှေ့တောင်အာရှ
ကျန်းမာရေးဝန်ဆောင်မှုတွင် ဦးဆောင်နေသည့်
Raffles Medical Group ၏ ပင်မဌာနေ
ပုဂ္ဂလိကအထူးကုဆေးရုံကြီးဖြစ်ပါသည်။

ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၁၅ မိနစ်အတွင်း
ရောက်ရှိနိုင်သည့် မြို့အချက်အချာနေရာတွင်တည်ရှိသော
Raffles ဆေးရုံကြီးတွင် အထူးကုပညာရပ်များ၊ ဆေးဘက်
ဆိုင်ရာ နှင့် ရောဂါရှာဖွေဖော်ထုတ်ရေးဆိုင်ရာ ၀န်ဆောင်မှု
များကိုရရှိနိုင်ပါသည်။

သားဖွားနှင့်မီးယပ်အထူးကုဗေဒ၊ နှလုံးအထူးကုဗေဒ၊ ကင်ဆာအထူးကုဗေဒ နှင့် အရိုးအထူးကုဗေဒ အစရှိသည့်
ဆေးဘက်ဆိုင်ရာ လိုအပ်ချက်အမျိုးမျိုးအတွက် အထူးကုဌာနပေါင်း ၂၁ ခုမှ ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

ဆေးရုံကြီးတွင် ၂၄နာရီအရေးပေါ်လူနာဌာန၊ မိသားစုဆေးပညာဌာန နှင့် အထူးကုဌာနများဖြင့် ဖွဲ့စည်းထားသည်။
ဆေးရုံကြီး၏ဆးဘက်ဆိုင်ရာနှင့်ခွဲစိတ်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများတွင် နေ့ခွဲစိတ်ကုသမှုအခန်းများ၊
မွေးခန်းများ၊ ခွဲစိတ်ခန်းများ၊ အထူးလူနာပြုစုကုသဆောင်၊ မွေးကင်းစကလေးအထူးပြုစုကုသဆောင်၊ သွားနှင့်ခံတွင်း၊
ဓာတ်မှန်ဋ္ဌာန၊ ဓာတ်ခွဲခန်း၊ ဆေးဝါးအရောင်းဌာန၊ အစာအာဟာရဆိုင်ရာလမ်းညွှန် နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး
ဝန်ဆောင်မှုတို့ပါဝင်ပါသည်။

ဆေးအထူးပြုပညာရပ်နယ်ပယ်မျိုးစုံမှ ကျွမ်းကျင်ဝန်ထမ်းများအတူတကွ ပူးပေါင်းပြုစုစောင့်ရှောက်မှုပုံစံကိုကျင့်သုံး
သောအားဖင့် Raffles ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် အဖွဲ့လိုက်ပြုစုကုသမှုကြောင့် လူနာများသည်
အကောင်းဆုံးသော ပြုစုကုသမှုပေးသည့် ၀န်ဆောင်မှုကိုရရှိမည်ဖြစ်ပါသည်။ Raffles ဆေးရုံကြီးတွင် အရည်အသွေး
ကိုဦးစားပေးအလေးထားကျင့်သုံးသဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းပြန်လည်စမ်းစစ်ခြင်း
နှင့် စစ်ဆေးအကဲဖြတ်သည့် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကိုရရှိမည်ဖြစ်ပါသည်။
 
Raffles ဆေးရုံကြီးတွင် ကြယ်ငါးပွင့်ဟိုတယ်အဆင့်မှီ ဧည့်ခန်းပါ suite အခန်းများ၊ တစ်ယောက်ခန်း၊ နှစ်ယောက်ခန်း၊
လေးယောက်ခန်း နှင့် ခြောက်ယောက်ခန်းများကို လူနာများအတွက်ရွးချယ်နိုင်ပါသည်။

ရင်းနှီးဖော်ရွေသောပတ်ဝန်းကျင်ဖြစ်သည့်အလျောက် Raffles ဆေးရုံကြီးသည် အနားယူရန် နှင့် ကျန်းမာရေးပန်လည်
ကောင်းမွန်လာစေရန် နားခိုနိုင်သည့်အကောင်းဆုံးနေရာဖြစ်ပါသည်။