Loader

International Patient Services

International Patient Services

Raffles ဆေးရုံသည် အပြည်ပြည်ဆိုင်ရာလူနာများကြားတွင် ဆေးကုသမှုအတွက် ရွေးချယ်စရာနေရာအဖြစ် ဂုဏ်သတင်း
ကြီးလျက်ရှိပါသည်။ Raffles ဆေးရုံ၏ လူနာ ၃၅% ကျော်သည် နိုင်ငံပေါင်း ၁၀၀ မှ နိုင်ငံခြားသားလူနာများဖြစ်ပါသည်။

Raffles ဆေးရုံသည် စင်ကာပူ၏အချက်အချာနေရာတွင်တည်ရှိပြီး၊ အထူးကုဝန်ဆောင်မှုများကို အဆင့်မြင့်ဆးပညာရပ်
ဆိုင်ရာနည်းပညာတို့ဖြင့် ၀န်ဆောင်မှုအပြည့်အစုံပေးသော ပုဂ္ဂလိကအထူးကုဆေးရုံကြီးဖြစ်ပါသည်။ Raffles ဆေးရုံသည်
neurovascular interventional
နည်းလမ်းများ၊ ကင်ဆာကုသမှုများ၊ နှလုံးခွဲစိတ်မှုများအရိုးခွဲစိတ်မှုများ နှင့် ဖန်ပြွန်
သန္ဓေသားနှင့်မျိုးပွားခြင်းကုသမှုများ အစရှိသည့် ခက်ခဲရှုပ်ထွေးသောကုသမှုများကို  ပြုလုပ်ပေးနိုင်ခြင်းအားဖြင့်
ဒေသတွင်းကျန်းမာရေးပုစုစောင့်ရှောက်မှုအဖွဲ့ကြီးတွင် စင်ကာပူနိုင်ငံ၏ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းရန်
ရည်ရွယ်ထားပါသည်။

Raffles ဆေးရုံ၏ အဖွဲ့လိုက်ကျန်းမာရေးစောင့်ရှောက်မှုပုံစံသည်အထူးကုဆရာဝန်ကြီးတစ်ဦးထက်မက ပြုစုစာင့်ရှောက်
ရန်လိုအပ်သောလူနာများအတွက် အထူးအရေးပါသည်။ အထူးကုဆရာဝန်ကြီးများအဖွဲ့လိုက် ရောဂါရှာဖွေဖော်ထုတ်
စစ်ဆေးခင်းဖြင့်လူနာများအား လျင်မြန်စွာနှင့်ထိရောက်စွာ ကုသပေးနိုင်မည်ဖြစ်ပြီး၊ မလိုလားအပ်ဘဲအကြိမ်ကြိမ်
အဖန်ဖနဆရာဝန်နှင့်တိုင်ပငဆွေးနွေးခြင်းများ သို့မဟုတ် စစ်ဆေးစမ်းသပ်ခြင်းများ မရှိတော့သည့်
အတွက်
ကုန်ကျစရိတ်ကိုလည်း သက်သာစေနိုင်ပါသည်။


Greet patient at airport

Raffles အပြည်ပြည်ဆိုင်ရာလူနာဌာနသည် လူနာတစ်ဦးချင်းစီအလိုက် ပြုစုစောင့်ရှောက်မှုပေးခြင်း၊ စင်ကာပူတွင်
နေထိုင်စဉ် ဆေးကုသမှုအပြင် ခရီးသွားလာခြင်းအတွက် လိုအပ်ချက်များရှိပါက ကူညီရန်အစဉ်သင့်ရှိပါသည်။

  • ရောဂါလက္ခဏာအတွက် စုံစမ်းမေးမြန်းခြင်းများကို ဖြေကြားပေးခြင်း နှင့် ရက်ချိန်းရယူပေးခြင်း။
  • စကားပြန်စီစဉ်ပေးခြင်း။
  • အရေးပေါ်လူနာပြုစုပြီး ဆေးရုံသို့ပို့ဆောင်ရန် ဆက်သွယ်ဆောင်ရွက်ပေးခြင်း။
  • စင်ကာပူတွင် တည်းခိုနေထိုင်ရန်စီစဉ်ပေးခြင်း။
  • ဆေးကုသမှုအတွက် အလည်အပတ်ဗီဇာ နှင့် နေထိုင်ခွင့်သက်တမ်းတိုးခြင်းတို့အတွက် စီစဉ်ပေးခြင်း။
  • လေဆိပ်အကြိုအပို့ စီစဉ်ပေးခြင်း။
  • ခရီးသွားလာရန် စီစဉ်ဆောင်ရွက်ပေးခြင်း။
  • ဧည့်ကြိုဝန်ဆောင်မှုပေးခြင်း။

Globe

Raffles ဆေးရုံတွင် ဆေးကုသမှုခံယူလိုသောလူနာများ အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာသို့ ဆက်သွယ်စမ်းနိုင်ပါသည်။  

Raffles Hospital Patient Liaison Office Myanmar

၅၅ (ခ) ၊ သာယာဝတီလမ်း၊ ဆရာစံရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - (၀၁) ၈၆၀၄၀၅၇ ၊ (၀၉) ၅၁ ၂၇၆၂၅  

အီးမေးလ်- enquiries_myanmar@rafflesmedical.com