Loader

Raffles အာရုံကြောအထူးကုဌာနတွင် သုတေသနအထောက်အထားဆိုင်ရာ ဆေးကုသမှုနည်းလမ်းများ၊ ခေတ်မှီနည်းပညာ နှင့် လက်တွေ့ဆိုင်ရာရလဒ်ကောင်းတို့ဖြင့် ကျွန်တော်တို့၏လူနာများအား လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်များအလိုက် အရည်အသွေးမြင့် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

အတွေ့အကြုံရင့်၍ ကျွမ်းကျင်မှုရှိသော အာရုံကြောအထူးကုဆရာဝန်ကြီးများ၊ အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ interventional ဓာတ်မှန်ပညာရှင်များ ၊ သူနာပြု
များနှင့် ကျန်းမာရေးဝန်ထမ်းများသာမက Raffles ဆေးရုံကြီး၏ တစ်ခြားအထူးကုဆရာဝန်ကြီးများနှင့်အတူ အဖွဲ့လိုက်အတူတကွပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်းပြန်လည်သုံးသပ်ခြင်း စသည်ဖြင့် အရည်အသွေးပြည့်ဝသော ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကိုပေးလျက်ရှိပါသည်။ လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက်     ကုသမှု၊၊ အာရုံကြောခွဲစိတ်မှု နှင့် neuro-interventional ကုသမှုများ စသည့် ဖြစ်နိုင်သမျှအသေးစားထိုးဖောက်ခွဲစိတ်မှုနည်းလမ်းများကို အသုံးပြုခြင်းဖြင့် လျင်မြန်စွာပြန်လည်
ကာင်းမွန်လာနိုင်ခြင်း နှင့် ခွဲစိတ်ပြီးနောက်ပိုင်း နာကျင်မှုလျော့နည်းစေခြင်းတို့ဖြစ်သည်။

 

Services
Fees
Locations