Loader

နာတာရှည်ရောဂါခံစားနေရသောလူနာများအတွက် နာကျင်မှုသက်သာစေရန် ကုသမှုပေးလျက်ရှိပါသည်။ ကိုယ်ခန္ဓာလုပ်ဆောင်ချက်၊ အိပ်စက်ခြင်း နှင့် လူနေမှု အရည်အသွေး တိုးတက်ကောင်းမွန်စေရန်ရည်ရွယ်ပါသည်။

ခေါင်းကိုက်ခြင်း၊ ကျောရိုးနာကျင်မှု (လည်ပင်းနှင့်ခါး)၊ ကျောရိုးဆစ် Discs ကျွံကျခြင်း၊ အဆစ်ရောင်ခြင်း၊ မျက်နှာကြွက်သားနာကျင်ခြင်း၊ trigeminal neuralgia ၊ ရေယုန်ပေါက် ပြီးနောက် ခံစားရသောအာရုံကြောနာကျင်မှု၊ ခွဲစိတ်ပြီးနောက်နာတာရှည်နာကျင်ခြင်း၊ ရှုပ်ထွေးသောနာကျင်မှုရောဂါလက္ခဏာ၊ ဆီးချို  နှင့်ဆက်စပ်သည့် အာရုံကြောနာကျင်မှု   
နှင့် ကင်ဆာနာကျင်မှုတို့ကို ကုသပေးလျက်ရှိပါသည်။

ဆေးဖြင့်ကုသခြင်း၊ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးကုထုံး၊ occupational ကုထုံး၊ အားကစားလေ့ကျင့်မှု၊ interventional နာကျင်ခြင်းကုသမှု၊ အပ်စိုက်ကုထုံး နှင့် တရုတ် တိုင်းရင်ဆးကုထုံး စသည်ဖြင့် ကုသမှု နည်းလမ်းမျိုးစုံကို ရွေးချယ်နိုင်သည်။ interventional နာကျင်ခြင်းကုသမှုတွင် နာကျင်သောနေရာတွင်ဆေးထိုးခြင်း၊ ခါးအောက်ပိုင်း ထုံရန် ကျောအောက်ဘက်၌ ထိုးသောထုံဆေး၊ အာရုံကြောပိတ်ခြင်း၊ radiofrequency thermoablation ၊ ကျောရိုးနာဗ်ကြောလှုံ့ဆော်မှု နှင့် intrathecal drug delivery တို့     ပါဝင်သည်။ နာကျင်မှု အထူးကုဆရာဝန်ကြီးများ၊ အရိုးခွဲစိတ်ဆရာဝန်ကြီးများ၊ အာရုံကြောအထူးကုဆရာဝန်ကြီးများ၊ စိတ်ရောဂါအထူးကုဆရာဝန်ကြီးများ၊ စိတ်ပညာ   အထူးကုဆရာဝန်ကြီးများ၊ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးကုသပညာရှင်များ၊ occupational ကုထုံးပညာရှင်များ၊ သူနာပြုများ အစရှိသည့် ကျွမ်းကျင်မှုနယ်ပယ်ပေါင်းစုံမှ အထူးကုပညာရှင်များသည် သင်၏နာကျင်မှုပဿ      နာကို ကုသပေးလျက်ရှိပါသည်။  

 

Specialists
Services
Fees
Locations